Curator's Note
လူသားတစ်ဦးချင်းစီရဲ့ ဖြစ်တည်မှုကို မျိုးရိုးဗီဇ (DNA) က ဆုံးဖြတ်ပေးသလို လူမျိုးတစ်မျိုးရဲ့ သက်တမ်းရှည်ကြာညောင်းမှုကိုလည်း အဲ့ဒီလူမျိုးတွေ ပိုင်ဆိုင်တဲ့ အနုပညာအမှတ်အသား ရင်းမြစ်များကပင် တစ်ပြိုင်နက် သက်သေထူလျက်သား...။
မြန်မာတို့ရဲ့ သမိုင်းတစ်လျှောက်မှာ ပျူခေတ် ၊ပုဂံခေတ် နံရံဆေးရေးပန်းချီများ၊ ရုပ်ကြွပန်းပု၊ အုတ်ခွက်လက်ရာ ကျောက်စာတွေနဲ့ ဗုဒ္ဓဝင်ဆိုင်ရာ ပုံရိပ်များဟာ ကျွန်တော်တို့အားလုံးရဲ့ စိတ်ဝိညာဉ်နဲ့အတွင်းစိတ် အဇ္ဈတ္တထဲမှာ ဖျောက်ဖျက်မရတဲ့"အမြင်အာရုံဆိုင်ရာ မျိုးရိုးဗီဇ" (Visual DNA) များအဖြစ် ရာစုနှစ်ပေါင်းများစွာ ကိန်းအောင်းနေခဲ့ကြပြီး ဖြစ်တယ်။ အာရှရဲ့ အနုပညာသမိုင်းမှာကိုက ဗုဒ္ဓယုံကြည်မှုကြောင့်ပေါ်လာတဲ့ အနုပညာ (Buddhist Art) ဟာ "တစ်ကမ္ဘာလုံးက သိအောင် ခိုင်ခိုင်မာမာ ပုံဖော်ပေးလိုက်တဲ့ အဓိက မဏ္ဍိုင်ကြီး" လို့ဆိုတယ်။
ဒီမှာ မြင်တွေ့နေရတဲ့ သတ္တုပြားပေါ် ပုံဖော်ရေးဆွဲထားခြင်းအနုပညာလက်ရာတွေ ကိုယ်၌သည်ပင်လျှင် ရုပ်ရှင်၊ ဓာတ်ပုံ၊ ဒစ်ဂျစ်တယ်အနုပညာ၊ ဂရပ်ဖစ်ဒီဇိုင်း၊ ဗိသုကာလက်ရာ၊ ပန်းချီ၊ ပန်းပု စသဖြင့် စသဖြင့် "ကြည့်မြင်အနုပညာ" တွေထဲကမှ မျိုးရိုးဗီဇ (DNA) အရ တူညီတဲ့ မျိုးစိတ်ဝင်တစ်ခုပဲ။
ဒီပြပွဲမှာ အနုပညာရှင် "ကြည်ဝင်း" ဟာ Visual DNA များကို အခြေခံကာ သူ့ရဲ့ သိမှုလေးမျိုးဖြစ်တဲ့ ဉာဏ၊ ပညာ၊ ဝိဇ္ဇာ၊ သညာ အပြင် သိပ္ပ၊ ကောသလ္လ နှစ်မျိုးအတတ်တွေ သုံးလာတာဟာ အတိတ်နဲ့ပစ္စုပ္ပန်ကို အနုပညာတံတားတစ်စင်း ဖန်တီး၊ချိတ်ဆက်၊ပြသဖို့ ကြိုးပမ်း အားထုတ်လာခြင်းပဲ။ အနုပညာရှင်ဟာ ပန်းချီကားလို့ ဆိုလိုက်တာနဲ့ ပတ္ထူ စ၊ စက္ကူနဲ့ ဆေးမျိုးစုံ၊ မှင်မျိုးစုံ ဒီလို သုံးနေကျ မီဒီယမ်(Mediums)တွေကို စုတ်ချက်၊ ရေးချက်တွေနဲ့ ဖန်တီးရတာ ပျင်းရိငြီးငွေ့လာဟန်လည်း ရှိမှာပေါ့လေ..။ အနုပညာရှင်က သူကိုယ်တိုင် အီရိုးသွားခြင်းကို
ဖြေဖျောက်ရင်း ဖော်မိတဲ့ဆေးဟာရိုးအီခြင်းဝေဒနာခံစားရတဲ့ ရှုသူခင်ဗျားတို့အတွက်လည်း
မှီဝဲစရာ ဆေးတစ်ဖုံဖြစ်မှာပဲ။
ဒါ့အပြင် ပြင်းရှပူလောင်တဲ့ ဓာတုဗေဒပစ္စည်း အက်ဆစ် (Acid) နဲ့ အေးစက်မာကျောခိုင်မာတဲ့ သတ္တု (Metal) တို့ကို ပေါင်းစပ်အသုံးပြုပြီး အသက်သွင်းထားခြင်းဟာလည်း စိတ်ဝင်စားစရာ၊ စဉ်းစားတွေးတောစရာ ကောင်းနေပြန်ပါတယ်။သတ္တုမျက်နှာပြင်ကို အက်ဆစ်ဖြင့် တိုက်စားပုံဖော်ခြင်း (Metal Erosion) နည်းပညာကိုယ်တိုင်ကိုက လေးနက်တဲ့ အနုပညာသဘောကို ဆောင်တယ်။ အက်ဆစ်ရဲ့ တိုက်စားမှုဟာ အချိန်ကာလရဲ့ရိုက်ခတ်မှုကို ကိုယ်စားပြုတာဖြစ်ပြီး၊ ဒီဒဏ်ချက် ရိုက်ခတ်မှုတွေကြားကနေ ပေါ်ထွက်လာတဲ့ ရွှေအိုရောင် ပုံရိပ်များကတော့ ကျွန်တော်တို့ရဲ့ ယနေ့ ယုံကြည်မှု၊ ကိုးကွယ်မှု၊ စာပေ နဲ့ အနုပညာများ မြစ်ဖျားခံရာ အမွေအနှစ်များဟာ ကာလ၊ ပရိဒေသများ ကြာညောင်းပြောင်းလဲသည့်တိုင်အောင် ခက်ခဲကြမ်းရှတဲ့ အခြေအနေတွေအောက်မှာတောင် ပိုမိုတောက်တောက်ပပ ရှင်သန်နေနိုင်ဆဲလတ္တံ့သောအေးချမ်းမှု လွှမ်းခြုံသ တဲ့ ခိုင်မာကျဥ်မြဲမှုတွေပေါ့။
ရှုမြင်သူ ခင်ဗျားတို့ကရော အဘယ်ပုံ၊ ဘယ်နည်း ထင်မြင်ပါသလဲ?
အနက်ရောင် အသားသဘောတွေနဲ့ ရွှေအိုရောင် မျက်နှာပြင်တို့ရဲ့ အားပြိုင်မှု၊ ရှေးဟောင်းမြန်မာစာနဲ့ဗုဒ္ဓဝင် နိပါတ်တော် ဇာတ်ကြောင်းတွေ၊ ပြောင်လက်အလင်းပြန်နေတဲ့ မျက်နှာပြင်ပေါ် ပြန်ထင်ဟပ်နေတဲ့ကြည့်ရှုသူရဲ့ ကိုယ့်ပုံရိပ်ကိုယ် ပြန်မြင်ရခြင်းတွေ၊
ဒါတွေတစ်ခုချင်းစီနဲ့ အားလုံးကို စုရုံးစဉ်းစားခြင်း အလုပ်ဟာ ကြည့်ရှုသူရဲ့ ဉာဏဇောက်ကို ထောက်စမ်းစေတဲ့ အနုပညာ အဂ္ဂိရတ် လုပ်ချက်တွေပဲ။ မျက်နှာပြင်တွေဟာ အလင်းရောင်အောက်မှာ တနေရာနှင့် တနေရာ ကြည့်ရခြင်းအလုပ်မှာ မတူညီမှုကြောင့် ၊ ပုံရိပ်ပြောင်းလဲမှုတွေဟာလည်းပဲ ခင်ဗျားတို့ပိုင်တဲ့ စက္ခုကင်မရာ ရဲ့ ပုံရိပ်ဖမ်း ဗဟိုချက်ကိုအကြီးအကျယ်နှောက်ယှက်မှာ သေချာတာပေါ့။
ဖမ်းမိလိုက်တဲ့ ပုံရိပ်တိုင်းဟာ မှန်သလား?၊
မှားသလား?
တစ်ချို့မှန်၊ တစ်ချို့ မှားသလား?
မှားတာ မှန်တာရော မှန်မှန်သိသလား?
ရံဖန်ရံခါမှ သိသလား?
နိဂုံးဆိုရလျှင်...
"Visual DNA" ဟာ မြန်မာတို့ရဲ့ အနုပညာအမြစ်နဲ့ "မြင်ခြင်းဆိုင်ရာ မျိုးရိုးဗီဇ"ကို တူးဆွခြင်း ဖြစ်သလို၊"ကြည့်မြင်ခံစားရတဲ့ အနုပညာမျိုးစိတ်"တစ်ခု ဆာလောင်စွာဖော်ထုတ်ခြင်းလို့ဆိုရလိမ့်မယ်။နောက်တစ်ခုဆိုချင်တာက ဒီအမြစ်နဲ့ မျိုးစိတ်ကနေ ပေါက်ဖွားလာမယ့် ခေတ်ပြိုင်အနုပညာ(Comtemporary Art)အပင်တစ်ပင်ရဲ့ ဝင့်ကြွားရှင်သန်ခြင်းကို ရှေးရှုခြင်း ဆိုတာပါပဲ။
ရာဇာဆွေ