မန္တလေးမြို့ရဲ့ အနောက်မြောက်ပိုင်းသား…
ပန်းချီဆရာ ဇာနည်ရဲ့ "မှောင်မဲသောဘဝများ"ဆိုတဲ့ တစ်ကိုယ်တော် ပန်းချီပြပွဲဟာ ကျွန်တော်တို့ရဲ့ လက်ရှိ နေ့စဉ်လူမှုဘဝကို ကိုယ်စားပြုနေသလိုပါပဲ။ ဇာနည်ရဲ့ ပုံမှန်ရေးနေကျ အရောင်ခပ်ပြင်းပြင်းတွေကနေ လုံးဝ ခွဲထွက်ပြီး သူရဲ့ရေးနေကျ မဟုတ်တဲ့ အနက်ရောင်ကို ထူးထူးခြားခြား အများဆုံးသုံးထားကာ မွန်းကြပ်မှု၊ စိတ်မပျော်ရွှင်မှု၊ မချင့်မရဲဖြစ်မှု တွေနဲ့ နေ့စဉ်ဖြတ်သန်းမှုတွေကို မြင်သာနေစေပါတယ်။
မိုးလင်းလို့ မျက်လုံးဖွင့်ချိန်ကစလို့ သွား၊ လာ၊ စား၊ သောက်ရင်း ဖြတ်သန်းနေရတဲ့ လူနေမှု ဘဝတွေဟာ မွန်းကြပ် မှောင်မဲနေလိုက်တာများ…
ပုံမှန်လို ထင်ရပေမယ့် ပုံမမှန်ဘူးပဲ ပြောရမလား..
Black Life စီးရီးတစ်ခုလုံး အနက်ရောင်ပေါ်မှာ ပြန်လည်နှုတ်ထုတ်ရေးဟန်က ဇာနည်ရဲ့ ခံစားမှုခပ်ပြင်းပြင်းကို ပိုမိုပေါ်လွင်စေပါတယ်။
Black Life
- March 21, 2025 - March 24, 2025
On Site Exhibition