Adapt Or Die "
အလိုက်သင့်ပြုပြင်နေထိုင်မလား- အသေခံမလား? ဆိုတဲ့ပြပွဲခေါင်းစဥ် ဟာ ထည့်သွင်းခင်းကျင်းမယ့် လက်ရာတစ်ခုရဲ့ နာမ ကိုအသုံးပြုထားတာဖြစ်တယ်။ Adapt Or Die ?ဆိုတာ ဆင့်ကဲဖြစ်စဥ်ကြီးရဲ့အညှာတာမဲ့တဲ့ လမ်းပေါ်ကမေးခွန်းတစ်ခုလဲဖြစ်တယ်။ အနုပညာပြပွဲတစ်ခုဖြစ်ပေါ်လာဘို့ -
ခေါင်းစဥ်တစ်ခုအောက်ကနေသာ အားလုံးဝိုင်းပြီး"ထွန်ယက်"ကြရမယ်ဆိုတဲ့ "အနုပညာဘုံမြေစနစ်" ကို ဆန့်ကျင် ထားတာလို့ယူဆနိုင်တယ်။
ကျွန်တော့်အဖို့ နှပ်ကြောင်းပေးအကြောင်းအရာ တစ်ခု အောက်ကသာအလုံးစုံဖန်တီးထုတ်လုပ်ရတဲ့ 'သမရိုးကျကိုက်ခဲမှု' ထက် လက်ရာတစ်ခုချင်းစီကနေဖြာထွက်နေတဲ့ ထွေပြားကျယ်၀န်းမှု နဲ့ ဇောက်[depth] အရည်အသွေးကိုသာဦးစားပေးထားတယ်ပေါ့။
ဒီပြပွဲအတွက်အာရုံညွှတ်မိတဲ့ အကြောင်းအရာတွေက- မြစိမ်းသင်ပုန်းစာ[Emerald Tablet]၊ မျှော်လင့်ချက်မှန်သမျှ ၀င်ပေါက်မှာချထားခဲ့ရမယ်ဆိုတဲ့ စာဆို ဒန်တေ ရဲ့ ငရဲ အထပ်ထပ် ၊ မြေခြားသက်ရှိ Extraterrestrial ညွှန်းဆိုချက်တစ်ချို့၊ ရှေ့ဟောင်းအဂ္ဂိရတ် Symbolတွေ၊ စကြဝဠာရဲ့ Menu ၊ လွှစက်ကိုင်လူသတ်ကောင်ရုပ်ရှင်......စသဖြင့် ပါဝင်တယ်ပေါ့လေ။ တစ်ကျောင်းတစ်ဂါထာ ဖြစ်နေတတ်တဲ့ အနုပညာရဲ့အနှစ်သာရစစ်မှန်ချက် [Essential Reality] ဆိုတဲ့ သညာ[Perception] အမျိုးမျိုး ကိုရည်ရွယ်ပြီး Art Is Great Nothing! ဆိုတဲ့ Text-based လက်ရာကိုလဲထည့်သွင်းထားမိတယ်။ Great Nothing ဆိုတာ လောကဓါတ်စကြဝဠာကြီးထဲက အလင်းနှစ် သန်းသုံးရာကျော်ကျယ်ဝန်းတဲ့ ဗလာနတ္ထိ နေရာလွတ်ကြီး တစ်ခုရဲ့အမည်ပေါ့။
အနှစ်သာရတစ်ခုဟာ စမ်းထောက်မရတဲ့ နတ္ထိသဘောဆောင်လေလေ ပိုပြီးတန်ခိုးသြဇာကြီးမားလေလေပဲ။ အကြောင်းကတော့ သူ့ရဲ့ "ဘာမဆိုဖွဲ့တည်နေနိုင်ခြင်းဖြစ်အင်" ကို ဘယ်သူကမှ ကံသေကံမ မပြောနိုင်လို့ပဲ။
စက္ခုအာရုံထက်ကျော်လွန်ပြီး ကြိုးစားစမ်းထောက်ကြည့်ရှုရတဲ့ လက်ရာမျိုးတွေဟာ 'အလွယ်ကလေးနဲ့နားလည်ခံလိုက်ရတဲ့ ဘေးဥပဒ် ကနေ
ကာကွယ်ပေးပါတယ်။ သူတို့နဲ့ချိတ်ဆက်ဘို့အတွက် ဆင်ချင်သိသက်သက်နဲ့သာ အလုပ်မဖြစ်တော့ပဲ စုရုံး/လေ့လာဆန်းစစ်ချက်၊ ပြီးတော့ ထိုးထွင်းသိ နဲ့သာခရီးဆက်ရမယ့် ဝိညာဏ ပစ္စည်းတွေပေါ့။
ကောင်းဆု
6:59 pm
Nov 30. 2025